စစ်ဆေးရေးဂိတ်တွေအနေနဲ့ စနစ်တကျစစ်ဆေးဖို့လိုအပ်ပါတယ်

ဒီ၂ရက်၃ရက်အတွင်း မိလိုက်တဲ့ လက်နက်ခဲယမ်းတွေ အိမ်စီးကား ၂စီးနဲ့ သယ်တာ…

ဘာပြောချင်တာလဲဆိုတော့…

မြို့တိုင်း အရှေ့ အနောက် တောင် မြောက် အဝင်ထွက် စစ်ဆေးရေးဂိတ်အားလုံး ဖောကားတွေ ကုန်ကားတွေ အခြားကားတွေကိုပဲ အဓိကထား စစ်ကြတယ်

အိမ်စီးကားလာ လှည့်တောင်မကြည့်ဘူး…

ခုလို မိတဲ့ဟာကြည့် ဘယ်နှခေါက်တောင် အဲ့လိုသယ်ပြီးလဲ မသိ

အဓိကကတော့ဗျာ အိမ်စီးကားကအစ လာသမျှကားဆိုင်ကယ် မှန်သမျှ အကုန်စစ် မသင်္ကါအထုတ်တွေပါရင် ဖောက်စစ်

တာဝန်အရ စစ်ဆေးတာ ဘာမှကြောက်စရာမရှိ…

ကိုယ်မစစ်ဆေးလို့ လက်နက်တွေ ပြန့်သွား

အဲ့လက်နက်တွေက တနေ့ ကိုယ့်ဘက်ကို ပြောင်းလှည့်လာမယ့် လက်နက်တွေပါလားဆိုတာ သတိထား…

စစ်ကြပါ ရှာကြပါ….အားမနာကြပါနဲ့….မပျင်းကြပါနဲ့…