မုန်တိုင်းဖြတ်သန်းချိန်၌ ရခိုင်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရန်ကုန်မြစ်ဝ၊ မုတ္တမကွေ့နှင့် မွန်ပြည်နယ်ကမ်းခြေများတွင် လေပြင်းများကျရောက်ပြီး မိုးသည်းထန်မည်။
🔸 လေဖိအားနည်းရပ်ဝန်းသည် အရှေ့-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်း လာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)DEEP-DEPRESSION ဖြစ်လာမည် ဖြစ်သည်။
🔸 စစ်တွေမြို့ အနောက်ဘက် မိုင် ၁၉၀ ခန့်ကို ရောက်သည့်အချိန်၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အမည်ရ ဆိုင်ကလုန်းမုန်တိုင်း “REMAL” ဖြစ်လာမည်ဟု ခန့်မှန်းရပါသည်။
🔸 မေလ ၂၄ ရက် နံနက်ပိုင်း၊ မြောက်ဘက်ကို စတင်ချိုးကွေ့ရွေ့လျားချိန်ကစပြီး မုန်တိုင်း ကုန်းတွင်းဝင်ချိန် မေ ၂၆ ရက် ညပိုင်းအထိ ဧရာဝတီတိုင်း အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသည့် ငွေဆောင်၊ ချောင်းသာ အစရှိသောကမ်းခြေများ၊ ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်မြစ်ဝ၊ မုတ္တမကွေ့နှင့် မွန်ပြည်နယ်ကမ်းခြေများတွင် လေပြင်းများကျရောက်ပြီး မိုးသည်းထန်မှုများ ကြုံတွေ့ကြရပါမည်။
🔸 လေပြင်းတိုက်ခတ်ချိန် တစ်နာရီ မိုင် ၃၀ မှ မိုင် ၄၀ အထက်အထိ တိုက်ခတ်နိုင်ပြီး တောင်-အနောက် တောင်ဘက်မှ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ပါသည်။