မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷လုပ်နိုင်တုန်းမှာ ကြိုးစားပါ🌷

မသိမသာ
အိုလာနေတဲ့ ဇရာတွေကြောင့်

တားလို့မရ
အကုန်မြန်နေတဲ့အချိန်တွေကြောင့်

ပြန်ယူလို့မရ
ကုန်ခါသွားတဲ့ အားအင်တွေကြောင့်

ပျော်လို့မ၀
လိုက်ပျော်မိနေတဲ့ အပျော်တွေကြောင့်

သိသိသာသာ
နာကျင်လာတဲ့ အနာဗျာဓိတွေကြောင့်

ရုန်းရင်းရုန်းရင်း
မလွတ်လာတဲ့သံယောဇဉ်တွေကြောင့်

ရှင်းလို့မပြီး တစ်နည်းနည်းနဲ့
ရှုပ်ထွေးနေတဲ့ ပြဿနာတွေကြောင့်

နီးနီးလာကြတဲ့
ရှောင်မရတဲ့သေမင်းမရဏတွေကြောင့်

စိတ်ချရတဲ့
အရိပ်သဖွယ်ကောင်းမှုအလုပ်တွေကို
လုပ်နိုင်တုန်းမှာ ကြိုးစားထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏