၂၀၂၄ ခုနှစ် မေလ ၂၃ ရက် မနက် ၁၀ နာရီခွဲတွင် သထုံမြို့နယ် ဝင်းဖုန်းကျေးရွာ အမက (ဝင်းဖုန်း) တွင် KNU တမဟ ၁ မှ ဦးဆောင်၍ စစ်မှုထမ်းဆောင်ရန် ကျေးရွာအစည်းအဝေးပြုလုပ်ခဲ့ပြီး ဝင်းဖုန်း ၊ ကျုံမှိန်၊ကော့လှိုင်း၊မတ်ချ၊ ပိန်နဲ တော၊ ဓနုညာဓဝယ်၊ အင်းရှည် ၊ဆင်ကျုံး၊ ထောင်မှူး တာဝန်ခံများ၊ KNUမှ ခန့်ထားသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတက်ရောက်၍ KNU အုပ်ချုပ်နယ်မြေအတွင်းရှိအသက် (၁၈) မှ (၃၅) နှစ်အတွင်းရှိ ကျား၊မ များဝင်ရောက် စစ်မှုထမ်းဆောင်ရန်နှင့်အိမ်ထောင်စုအလိုက် တစ်အိမ်အမျိုးသား ၃ ဦးရှိလျင် ၂ဦး၊ ၁ ဦးရှိလျင် ၁ဦး၊ ယောက်ကျားမရှိပါကမိသားစု အမျိုးသမီး ၁ ဦးရှိလျင် ၁ ဦး တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား/ကျောင်းတက်နေစဥ်စစ်မှုမထမ်းဆောင်နိုင်သေးသောသူများ သတ်မှတ်နှစ် အတွင်း နိုင်ငံခြားမှပြန်လာလျင် စစ်မှုထမ်းရမည်။
ကျောင်းပြီးဆုံးပါကစစ်မှုထမ်းရမည်သားသမီးများရှိပြီး KNU ၌ တာဝန်မထမ်းဆောင်သောသူများအား ယခင်က ဒဏ်ကြေး သိန်း ၅၀ မှ ၇၀ ထိပေးရပြီးယခုသိန်း ၁၀၀ မှ ၁၅၀ ထိပေးရမည်ဟု သိရသည်။
မေလ ၂၂ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ် ကျောက်တောင်ရွာ ၌ KNU တမဟ ၁ မှ ဦးစီးပြီး စစ်မှုထမ်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်မတော်က ပြည်သူ့စစ်မှုထမ်းခေါ်ရင် ငြိုညင်သူများ KNU စစ်သား စုဆောင်းပုံကို ဉပမာကြည့်ပါ…အကြမ်းဖက် KNU ထံမှာတော့ နှစ်ကန့်သတ်ချက်လည်း မရှိသလို မသေမချင်းစစ်တိုက်နေရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ တပ်မတော်ထဲမှာပဲ ပြည်သူ့စစ်မှုထမ်းဝင်လုပ်မလား အကြမ်းဖက်တွေဆီသွားပြီး တောထဲမှာ မသေမချင်းစစ်တိုက်နေမလား?
ပြည်သူများနားလည်ဖို့ပါ..
crd