မေလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥
ရှမ်းပြည်နယ်မြောက်ပိုင်း
နောင်ချိုမြို့နယ်အတွင်း ယာဉ်စစ်ဆေးရေးအဖွဲ့သည် ရပ်စောက်မှ နောင်ချိုသို့ မောင်းနှင်လာသည့် သရီးကရောင်း(လိုင်စင်မဲ့)ယာဉ်အား စစ်ဆေးရာ ဖွဲအိတ်များဖုံး၍ သယ်ဆောင်လာသည့် ဘိန်းဆီခဲ ၅၂ ကီလို ဂရမ်၊ စိတ်ကြွဆေး ၅၆၅၀၀၀ ပြား၊ ဘိန်းဖြူ ၁၃၂.၂ ကီလိုဂရမ်၊ (စုစုပေါင်းကာလတန်ဖိုး ကျပ် ၅၄၈၀ သိန်း) အား ဖမ်းဆီးရမိ။
စစ်ကိုင်းတိုင်း
တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ပြည်သူသတင်း ပေးချက်အရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာကြသော အကြမ်းဖက် PDF များအား တွေ့ရှိရ၍ ပစ်ခတ်ရှင်းလင်းခဲ့။
PDF ၄ လောင်း၊ သေနတ် ၁ လက်၊ Drone ၁ စီး သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ။
ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာအနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
လုပ်စိန်ပြောင်း ၂ လက်၊ လုပ်သေနတ် ၁ လက်၊ ဗုံးသီး ၂ လုံး၊ ပစ်ကျင်း ၄၅ ကျင်း၊ တဲ ၁၂ လုံး သိမ်းဆည်းရရှိ။ မိမိထိခိုက်မှုမရှိ။
အလားတူ ညနေပိုင်းတွင် ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
PDF ၃ လောင်း၊ လုပ်သေနတ် ၂ လက်၊ အိုင်ကွန် ၂ လုံး၊ ဆိုင်ကယ် ၃ စီး သိမ်းဆည်းရရှိ၊ မိမိဘက်ထိခိုက်မှုမရှိ။
ညနေပိုင်းတွင် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝကဌာနနှင့် အခွန်ဦးစီးဌာနရုံးသို့ အကြမ်းဖက် PDF ၇ ဦးခန့် ကား ၂ စီး၊ ဆိုင်ကယ် ၁ စီးဖြင့်ရောက်လာပြီး ဝန်ထမ်းများကိုဖမ်းဆီးရန် ရောက်နေကြောင်း သတင်းရ၍ ကွန်မန်ဒိုအဖွဲ့ဖြင့် သွားရောက်ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့။
PDF ၅ လောင်း၊ သေနတ် ၂ လက်၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိ။
ပဲခူးတိုင်း
လက်ပံတန်းမြို့နယ်၊ နလင်ကျော်ရွာအဝင်တွင် မိုင်းထောင်နေသည့် PDF ၂ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မိုင်း ၂ လုံးနဲ့အတူ အသေဖမ်းဆီးရမိ။