မေလ ၁၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို၊ ကုန်းသာဦး ဘုန်းတော်ကြီး ကျောင်းမှ ဥူးခေမာစာရ သက်တော် ၅၀ နှစ်၊ ဝါတော် ၂ ဝါသည် မြိုအတွင်း ဆွမ်းခံရန် သွားရောက်စဉ် PDF အကြမ်းဖက်အဖွဲ ၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာတော်မှာ ယာပခုံးလက်နက်ငယ်ကျည်ဖောက်ဝင်/ထွက်၊ ဝဲခြေသလုံး/ပေါင် လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။
ဥူးခေမာစာရသည် ဒီပဲယင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီဥကဋ္ဌအဖြစ် ၁၉၉၆ မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဘုန်းကြီးဘဝဖြင့် အေးချမ်းစွာ ဘာသာရေး ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး PDF အဖွဲများက ဒလန်ဟု စွပ်စွဲကာ လက်နက်အားကိုးအနိုင်ကျင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ပါတယ်။
NUG ရဲ့ မူဝါဒအရ ငါနဲ့မတူ ငါ့ရန်သူအယူအဆဖြင့် PDF များသည်ပြည်သူလူထုကို အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန် လက်နက်အားကိုး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ် မှုများ ပြုလုပ်လျက်ရှိခြင်းအပေါ် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများမှ ရွံရှာ မုန်းတီးနေကြပြီဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ညှိးမှိန်စေသည့် ရဟန်းသံဃာတော်များကို လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ ဘုရားသားတော် ရဟန်းသံဃာ ၈၂ ပါး ပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။
PDF များ လုပ်ကြံသတ်ဖြတ် ခဲ့သော ရဟန်းသံဃာများသည် စစ်ရေး၊ နိုင်ငံရေးများနှင့် ပတ်သတ်နေသည့် ပုဂ္ဂိုလ်ကြီးများမဟုတ်ဘဲ ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည်ရေးအတွက် သာသနာ့တာဝန်များကို အေးချမ်းစွာ ထမ်းဆောင်နေသူများဖြစ်သဖြင့် ရဟန်းသံဃာများအား ယခုကဲ့သို ဆိုးရွားရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံရခြင်းများအပေါ် ဗုဒ္ဓဘာသာဝင်များအနေဖြင့် များစွာ စိတ်နှလုံးထိခိုက်လျက်ရှိပါတယ်။
ဆရာတော် ဥူးခေမာစာရကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲဝင်များက လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ် ။
ခင်ညိုချော