ရှမ်းပြည်(မြောက်ပိုင်း)
လားရှိုးမြို့ အရှေ့မြောက်ဘက်၌ လုံခြုံရေးဆောင်ရွက်နေစဉ် MNDAA သောင်းကျန်းသူ အင်အား ၁၅ ဦးခန့်က မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိကာ ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
MNDAA အဖွဲ့ဟာ ယာယီအပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး လုံခြုံရေးတပ်များ အခြေပြုနေရာသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရ။
ကယားပြည်နယ်
လွိုင်လင်းမြို့အနီး တပ်မတော်မှ မနေ့က သိမ်းယူထားသော ထီးစဲခါးတံတားရှိ ရဲကင်းစခန်းအား KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က နေရာ ၂ နေရာမှ Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့။
မန္တလေးတိုင်း
မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာ၌ အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများက ကျေးရွာနေအိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၅ လက် တို့အား သိမ်းဆည်းရမိခဲ့။
ပဲခူးတိုင်း
ညောင်လေးပင်မြို့ အလယ်ခင်းကျေးရွာတွင် လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်သမားတစ်ဦးအား FCG-9 လက်လုပ်သေနတ်အတို ၃၀ လက်၊ ကျည်အိမ် ၄၀ ခု၊ ၉ မမကျည် ၁၅၀၀ တောင့်၊ Remote ၁၅ ခု၊ Reciver ၄၅ ခု၊ မိုင်းမျိုးစုံ ၃ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ ယမ်းကြိုး ၁ ခွေတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
ဖြူးမြို့ အရှေ့မြောက်ဘက်၌ ပေါက်ကွဲသံကြားရသဖြင့် သွားရောက်ရှင်းလင်းစစ်ဆေးခဲ့ရာ မြို့ချောင်းနှင့် အောင်စည်ယွန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဖြူးချောင်း၊ ချောင်းကူးသံကူကွန်ကရစ်တံတားမှာ မြို့ချောင်း ကျေးရွာဘက်ခြမ်း အရှည် ၅၀ ပေခန့် ပြိုကျပျက်စီးလျက်ရှိကြောင်းနှင့် လူ/ယာဉ် ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရ။
#တိုက်ပွဲသတင်းစုံ