ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသီးတွေပါ ရွာသွန်းလို ခရစ်ယာန်ဘုရားကျောင်းအပါဝင် လူနေအိမ် ၁၃ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
ပလက်ဝမြို့နယ်၊ မောစုန်းကြီးအုပ်စု၊ ပိုင်ဆိန်ကျေးရွာမှာ မေလ ၂ ရက်၊ မနက် ၆ နာရီ မိနစ် ၃၀ အချိန်က တိုက်ခိုက်တဲ့ လေပြင်းမုန်တိုင်းနဲ့ မိုးသီးတွေပါ ရွာသွန်းလို့ ကျေးရွာ ဘုရားကျောင်းအပါအဝင် နေအိမ် အများပြား ပျက်စီးဆုံးရှုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


