မုံရွာမြို့တွင် မေလ(၁)ရက်ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့သည့်အတွက် နေရာအနှံ့သစ်ပင်ကြီးများလဲကျခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများရှိ၍ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ဖယ်ရှားရှင်းလင်း နေရကြောင်း သိရသည်။
“မုံရွာမြို့အနှံ့သစ်ပင်ကြီးတွေ သစ်ပင်သေးတွေ လဲတာလဲ၊ ကိုင်းကျိုးတာ ကျိုးတယ်။ ကျောက်ကာလမ်းက အပင်ကြီးအများစု လဲတဲ့ဟာလဲ၊ ကိုင်းကျိုးတဲ့ဟာကျိုးမို့ မုံရွာကနေကျောက်ကာရွာအထိ လမ်းပိတ်နေတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊လယ်တီကျောင်းတိုက်အတွင်းရှိ ပထမလယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့ရာ မနောရမ္မစင်္ကြန် ကျောင်းရှေ့ရှိ သက်တမ်းနှစ်တစ်ရာကျော် ကုက္ကိုပင်ကြီး၏ အကိုင်းများပါ ကျိုးပဲ့ကျခဲ့ ကြောင်း သိရသည်။
ယင်းကဲ့သို့ သစ်ကိုင်းကြီးများ ကျိုးကျမှုကြောင့် မနောရမ္မစင်္ကြန်ကျောင်းရှေ့ပိုင်းတခြမ်းနှင့် ဂေါပကအဆောက်အဦးပျက်စီးသွားကြောင်းလည်း သိရသည်။
ယမန်နေ့ ညပိုင်းအထိ မီးများ အကုန်ပျက်နေဆဲဖြစ်သည်။





