ဧပြီ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ခန့်မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်
မီးလောင်သည့်အကြောင်းအရင်းကို တိတိကျကျမသိရှိရသေးသော်လည်း ရာသီဥတုပူပြင်းချိန် ပေါ့ဆမီးကြောင့်ဖြစ်နိုင်သလို ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် AA အဖွဲမှ မြိုနှင့်ကပ်လျက်ရှိတဲ့ ကွန်တိုင်ရွာ၊ ဦးလှဖေရွာနှင့် ရွက်ညိုတောင် မွတ်စလင်ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ခဲ့မှုကြောင့် အဆိုပါရွာများတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး ရွာသူ/ရွာသား ၃၀၀၀ ကျော်ခန့်မှာလည်း ဘူးသီးတောင်မြိုပေါ်သို စစ်ဘေးရှောင်ခိုလှုခဲ့ကြရတယ်လို့လဲသိရပါတယ်


