

၁၃၈၆ ခု နစ်ဆန်းတရက် ယနေ့တွင် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာယူစရာများဖြင့်စတင်ကြသည့်အတွက် ဘုရား စေတီပုထိုးများတွင်လာ ရောက်ကုသိုလ်ပြုကြသူများဖြင့်များပြားလျှက်ရှိရာ ရွှေတိဂုံဘုရားတွင်လည်း ၇ရက်သားသမီးများကုသိုလ်ပြုကြသည့် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး သို လာရောက်ဖူးမြော်သူ များပြားခဲ့ပြီး ဘုရားဖူးလာကြသည့်သူတွေ အနေဖြင့် ဘုရားပန်းကပ်လှူခြင်း ၊ ဖယောင်းတိုင် အမွှေးတိုင် မီးပူဇော်ခြင်း ၊ ရေသပ္ပာယ်ခြင်း၊ ဆွမ်းကပ်ခြင်း အစရှိသည်တိုကိုပြုလုပ်ကာကုသိုလ်ယူနေကြသည်ကို တွေ့မြင်ရပါသည်။