🌼ရှောင်လွှဲဖို့ မကြိုးစားပါနဲ့🌼
လူရယ်လို့ဖြစ်လာရင်
အခက်အခဲတွေက
ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက်ကြောင့်
အချိန်တွေပေးပြီး စိတ်ပူမနေလိုက်ပါနဲ့ ။
ကြုံတွေ့လာတဲ့ အရာတွေကို
ငါဘယ်လို ဖြေရှင်းမယ်ဆိုတဲ့စိတ်ပဲတွေးပါ ။
အခက်အခဲဆိုတာ
ရင်ဆိုင်မဖြေရှင်းပဲ ရှောင်လွှဲနေလို့
ပြီးဆုံးသွားမယ့် အရာမှ မဟုတ်တာ ။
တချို့အခက်အခဲတွေက
မဖြေရှင်းပဲ ရှောင်လွှဲနေလိုက်ရင်
တဖြည်းဖြည်း ပိုပြီးကြီးထွားသွားနိုင်တယ် ။
ဒါကြောင့်
ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို
ရှောင်လွှဲဖို့ မကြိုးစားပါနဲ့
ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးစားပါ ။🌼🌼🌼
🙏✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️🙏