ပုဂံရောက်ရင်သွားထိုင်ကြည့်သင့်တဲ့
အကြော်ဆိုင်လေးတစ်ဆိုင်🍀
အညာ အကြော်စုံ မုန့်ပျားသလက်နဲ့ အသုပ်လေးတွေ .. ထူထူးဆန်းဆန်း ကတက်ရွက်သုပ် ကြက်တက်ရွက်သုပ် ကြောင်လျှာပွင့်သုပ်လေးတွေပါရတဲ့ဆိုင်လေး🍀
စျေးရောင်းတာ စေတနာပါလို့😍
လမ်းဘေးဆိုင်လေးမို့ သန့်ရှင်းမှုအားနည်းမယ်ထင်တာ အမိုက်တစ မတွေ့ရဘူး……ရေနွေးခွက်လေးတွေ ပြောင်သန့်လို့
ထမင်းဆီဆမ်းလေးက ဆန်လေးကောင်း.. အကြော်လေးလဲ ကောင်း.. အသုပ်လေးတွေကလဲ အရသာရှိမှရှိ😋
စိမ်းညက်ညီအမ ဘုရားနဲ့ သရပါ ကြား လမ်းဘေးတနေရာ.. ထနောင်းရိပ်အကြော်ဆိုင်🍀
မြစေတီဘုရားလမ်းအကျော် မြို့သစ်နဲ့ သရပါ ကြား အကြော်ဆိုင်က
ဆိုင်နံမည်က ကျောင်းထိပ်ကထနောင်းရိပ်🍀
#Popular Paoh Stars
#Aye Thu Zar Win(ဓာတ်ပုံ)



