နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ ဖျော်ဖြေရေးအဖွဲ့များက မတ်လ ၅ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ သွားရောက်သီဆိုကပြဖျော်ဖြေကြရာ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများနှင့် မိသားစုဝင်များကပျော်ရွှင်ကြည်နူးစွာဖြင့် သီဆိုကခုန်နေတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.။




