ONE Championship ပြိုင်ပွဲ၏ ONE 166 တွင် ရုရှားကစားသမား မာလီရှင်က လက်ရှိချန်ပီယံ ဒတ်ချ်နိုင်ငံသား ဒယ်ရစ်ဒါကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ထပ်မံဆွတ်ခူးခဲ့သည်။
ဟဲဗီးဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင်လည်း ချန်ပီယံခါးပတ်များ ပိုင်ဆိုင်ထားသည့် မာလီရှင်အနေဖြင့် ONE ပြိုင်ပွဲသာမက MMA အားကစားလောကတွင် ပထမဆုံး ဝိတ်တန်း သုံးတန်းချန်ပီယံ ဖြစ်လာခဲ့သည်။



