နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများအနေဖြင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့မှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေများ၊ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
Related Posts
မန္တလေး အနောက်မြောက်ဘက်တွင် အင်အားအနည်းငယ်ရှိသောငလျင်တခု လှုပ်ခတ်
- ပုည
- November 12, 2023
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၂၃)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့ […]
ပဲခူးမြို့တွင် ခွေးရူးကိုက်မှုကြောင့် ၂၉ဦး ဒဏ်ရာရ
- ရှင်ယွန်း
- April 28, 2024
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓေါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်နေသည့် ဗုဒ္ဓပူဇနိယ ဘုရားပွဲဈေးတွင် ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းမှစတင်၍ ခွေးရူးတစ်ကောင်သည် ဘုရားပွဲလာပြည်သူများအား ကိုက်ခဲ့သဖြင့် ကျား ၁၆ […]
အားလပ်ချိန်မှာ အားကစားလုပ်နေကြတဲ့ပုံရိပ်များ
- အေးခင်
- April 4, 2024
တတက-၁ တွင် စစ်မှုထမ်းရန် ရောက်ရှိနေသည့် ပြည်သူ့သားကောင်းများ အားလပ်ချိန်မှာ ကြိုက်နှစ် သက်ရာ အားကစားပြုလုပ်နေတဲ့ ပုံလေးတွေပါ။ သင်တန်းတက်ရောက်ကြတော့မယ့် မျိုးချစ်လူငယ်များကို ကျောင်းတော်ကြီးတွေကနေ စစ်သည်တို့တပ်အပ်တဲ့ စစ်ပညာတွေကိုသင်ကြားပေးမည့်အပြင် […]