ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အမှတ်၄၁တိုးချဲ့ရပ်ကွက် ၊မင်းရဲကျော်စွာလမ်းအဆုံး၊ ငမိုးရိပ်ချောင်းဘေး ခြံကွက်လပ်၌ ရန်ကုန်မြို့အတွင်းသို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် တရုတ်နိုင်ငံထုတ် ၁၀၇ မမ ရှော့တိုက် ဒုံး ၃လုံးကို လုံခြုံရေးတပ်ဖွဲ့များကအချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။

