ဇန်နဝါရီလ ၂၆ ရက်နေ့တိုက်ပွဲသတင်းများ

(၁) နေ့လည် ၁၂ နာရီကျော်ခန့်က လားရှိုးမြို့နယ်၊ နယ်ခြားတံတား၏ အနောက်ဘက်တွင် လုံခြုံရေးဆောင်ရွက်နေသာ စစ်ကြောင်းအား MNDAA အင်အား ၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရ။ MNDAA အဖွဲ့သည် အပစ်ရပ်သဘောတူချက်စည်းကမ်းအား ချိုးဖောက်၍ လာရောက်ပစ်ခတ်ခြင်းဖြစ်။

(၂) နေ့လည် ၁၂ နာရီခန့်တွင် ကယားပြည်နယ်၊ ဖားဆောင်းတံတားစောင့် လုံခြုံရေးတပ်ဖွဲ့အား KNPP အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb လာချသောကြောင့် Drone အား ပြန်လည်ပစ်ချခဲ့။
( Hoppywing Drone ၁ စီး သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ )

(၃) မနက် ၁ နာရီခန့်နှင့် ညနေ ၅ နာရီခန့်တို့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရင်းဌာနချုပ်တစ်ခုအား AA သကသ ၁၀၀ ဦးခန့်က Drop Bomb၊ လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

(၄) မနက် ၅ နာရီခန့်နှင့် ည ၉ နာရီချိန်ခန့်တို့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ လုံခြုံရေးစခန်းအား AA သကသ ၆၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ၇၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက် တွန်းလှန်နိုင်ခဲ့။

(၅) နေ့လည် ၁၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာ၏ အရှေ့တောင်ဘက် သကြားစက် လုံခြုံရေးအဖွဲ့အား KIA/PDF သကသ ၂၅ ဦးခန့် လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ရန်သူ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ( သကသ အလောင်း ၂ လောင်း၊ အေကေ ၂ လက်၊ လက်ပစ်ဗုံး/ ခဲယမ်းများ သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ )

(၆) မနက် ၁ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုး(ပသစ)စခန်းနှင့် ကာဘိုးမီးသတ်ရုံးတို့အား အကြမ်းဖက်သူ ၁၇၀ ဦးခန့်တို့သည် ၂ ဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့သဖြင့် မနက် ၄ နာရီချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ( သကသ အလောင်း ၂ လောင်း၊ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး၊ မိမိဘက်မှ ပသစ ကျ ၂ ဦး၊ ဒဏ် ၁ ဦး၊ စစ်သည် ကျ ၁ ဦး )