ဇန်နဝါရီလ ၂၅ ရက်နေ့ မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၄ ရက် ၀၅၃၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာတွင် နေထိုင်သော ဦးအောင်မင်း(၆၄)နှစ်၊ ဥယျာဉ်ခြံ လုပ်ကိုင်သူအား အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်မင်း သည် အခင်းဖြစ်နေရာ၌ သေနတ်ထိမှန် ဒဏ်ရာရရှိပြီး သေဆုံးခဲ့။

-ဇန်နဝါရီလ ၂၃ ရက် ၂၁၃၀ နာရီတွင် တောင်သာမြို့နယ်၊ ဝါးကြီးအိုင်ကျေးရွာအား အကြမ်းဖက်အဖွဲ့အင်အား ၃ဝ ဦးခန့်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးတင်ထွန်း(၆၄)နှစ်တွင် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဒူးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (သေဆုံး)၊ မောင်ဆန်းကို(၁၅)နှစ်တွင် ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(သေဆုံး)၊ ဒေါ်စန်းရီ(၆၅)နှစ်တွင် ဝဲခြေထောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖမိုး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်ဆွေဆွေမြင့်(၄၃)နှစ်တွင် ဝဲပေါင်ကျည်ရှပ်မှန်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၄ ရက် ၀၈၃၀ နာရီတွင် ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာတွင်နေထိုင်သော ဦးကျော်ရှိန်(၆၅)နှစ်၊ တောင်သူ လုပ်ကိုင်သူသည် ရွာအရှေ့ဖျားရှိ တောကျောင်းဘုန်ကြီးကျောင်းမှ တရားနာပြီး နေအိမ်သို့ပြန်လာစဉ် အကြမ်းဖက် ကျား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ ဦးကျော်ရှိန်တွင် ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့။

-ဇန်နဝါရီလ ၂၄ ရက် ၀၉၃၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေးကျေးရွာအုပ်စု၊ ဂိုက်တန်းကျေးရွာလမ်းမပေါ်၌ (စိစစ်ဆဲ) အမျိုးသား ၁ ဦးသည် ဓားဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဆည်တော်လေးကျေးရွာနှင့် ဂိုက်တန်းကျေးရွာကြား မြန်မာ့ မီးရထားသံလမ်းအနီး လမ်းမပေါ်၌ (စိစစ်ဆဲ)အမျိုးသား ၁ ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၅ ချက်တို့ဖြင့် နေရာတွင် သေဆုံးနေကြောင်းသိရှိရ။

-ဇန်နဝါရီလ ၂၄ ရက် ၁၉၃၀ နာရီတွင် သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စု၊ သရက်ဖြူကန်ကျေးရွာတွင် နေထိုင်သော ဦးလွင်မောင်(၄၂)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးလွင်မောင်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်တို့ ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့။