🌼တွယ်တာမှုတွေနည်းစေဖို့🌼
ခန္ဓာဟာ ပြုပြောင်းလဲတတ်တဲ့
သင်္ခါရတရားဖြစ်လို့
ပျက်စီးခြင်းလမ်းမှာပဲ ဆုံးမယ် ။
ဒီအသိလေးကို နာနာလေးစဥ်းစားရင်
တွယ်တာမှုတွေ လျှော့ချနိုင်မယ်
သောကတွေ ငြိမ်းအေးစေမယ် ။
အိုစရာရှိအို ပြိုစရာရှိပြိုမယ့်ခန္ဓာဟာ
သူအလုပ်သူ တာ၀န်ကျေမယ် ။
ကိုယ်ကလည်း ကောင်းတာတွေနဲ့
ကိုယ့်ဘ၀ဖို့ တာ၀န်တွေကျေပါစေ ။
သံဝေဂပွားသတိလေးထားပြီးတော့
အရှိအပျက်တရားတွေကို
အသိတရားနဲ့ လက်ခံတတ်ပါစေ ။
မအိုတော့မလို မနာတော့မလိုနဲ့
မေ့လျော့နေမယ်ဆိုရင်တော့
ဘေးဆိုးနဲ့ရင်ကြုံတွေ့ရတဲ့အခါမှာ
သတိနဲ့မနေတဲ့သူတွေဟာ
ပိုပြီးတော့စိုးရိမ်ပူပန်ရတတ်ပါတယ် ။
မေ့လျော့သူတွေကြားထဲမှာ
မမေ့လျော့အောင်နေတတ်ဖို့အတွက်
ကိုယ့်ဘဝကို ပြင်ဆင်ထားသင့်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏