🌺ကိုယ့်လို မဟုတ်ကြတာမို့လို့🌺
ကိုယ့်စိတ်နဲ့တော့
လူတိုင်းဟာ မတည့်နိုင်ပါဘူး ။
ပြင်စရာရှိရင် ကိုယ့်စိတ်ပဲပြင်ပါ
ပြောင်းစရာရှိရင်ကိုယ့်စိတ်ပဲပြောင်းပါ ။
ကိုယ့်ရဲ့စေတနာကို
နားမလည်ရကောင်းမလားလို့လည်း
စိတ်မကောင်းမဖြစ်ပါနဲ့ ။
တန်ဖိုးမသိ မထားတတ်သူအဖို့
နားမ၀င်တတ်တာ သဘာ၀ပါပဲ ။
သူတို့တွေ မတိုးတက်တာဟာ
ကိုယ်ညံ့လို့မဟုတ်ပါဘူး ။
သူတို့ကိုယ်မှာ လက်ခံနိုင်စွမ်းတွေ
အားနည်းနေတာလည်း ပါပါတယ် ။
ကျေးဇူးကန်းလို့လည်း အပြစ်မမြင်နဲ့
သူတို့စိတ်သူတို့သဘောလို့မြင်ပြီး
ခွင့်လွတ်ပေးထားလိုက်ပါ ။
ကိုယ့်အစား ကံတရားက
သူတို့ကို ဒဏ်ခတ်သွားပါလိမ့်မယ် ။
အကုန်လုံးကိုယ့်စိတ်တိုင်းကျဖို့ဆိုတာ
ဘယ်မှာမှ မရှိနိုင်တာမို့လို့
စွန့်လွှတ်သင့်ရင် စွန့်လွတ်ပြီး
ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်နေတာက
ကိုယ့်အတွက် အပူကင်းပါတယ် ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏