အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ (၁၃)နှစ်မြောက် တိုင်းနှစ်ပတ်လည် နေ့ အခမ်းအနား အား ၁.၁.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
နှစ်ပတ်လည်နေ့တွင် သင်းတန်းများ၌ ထူးချွန်ဆုရရှိခဲ့ကြသည့်အရာရှိ၊စစ်သည်များ ၊အိမ်ထောင်လိုင်းခန်း သန့်ရှင်းရေး ဆုနှင့် စိုက်ပျိုးရေးမွေးမြူရေးဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ကြပြီး တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် အရာရှိ၊စစ်သည်၊မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲ များ ဖောက်ပေးခြင်း၊ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲ ရွှင်ပွဲများပြုလုပ်ခြင်းနှင့်ဆုပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။









