၂၀၂၃ ခုနှစ် ခရစ္စမတ်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ အနယ်အရပ်ရပ်မှလာရောက်လည်ပတ်သူများဖြင့် စည်းကားလျှက်ရှိခဲ့ပါတယ်။
အမျိုးသားကန်တော်ကြီးဥယျာဉ် ၏ (၁၆)ကြိမ်မြောက် ပန်းပွဲတော် Flower Dreamland ဖွင့်ပွဲကို ဒီဇင်ဘာလ (၁၇)ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသအတွင်းရှိခရီးသွားပြည်သူများ၊အနယ်အရပ်ရပ်မှလာရောကိလည်သူများဖြင့်စည်ကားနေတာဖြစ်ကြောင်း တာဝန်ရှိသူတစ်မှပြောဆိုပါသည်။
ကန်တော်ကြီးပန်းပွဲတော်ကို ကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတို့ကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်းပြသထားကြောင်း၊ ပန်းပွဲတော်ကျင်းပသည့် ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်း များဖြင့် ရောင်းချပေးသည့်အစီအစဉ်များပါဝင်ကြောင်း သိရှိရပြီး
အမျိုးသားကန်တော်ကြီးဥယျာဉ်ပန်းပွဲတော်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။





