ပါရမီဖြည့်ဖက်များတဲ့….
နာမည်လေး အရမ်းခေါ်လို့ကောင်းလိုက်တာ
ခေါ်လို့ကောင်းပေမယ့် သူတို့ရဲ့ ဘဝတွေက
ချိုသလိုနဲ့ ခါးနေတယ်..
ရှေ့တန်းထွက် လင်ယောင်္ကျားစစ်သည်အတွက်
စိတ်ပူပန်ပူဆွေးရသလို
နေထိုင်ရာ နောက်တန်းဌာနချုပ်အတွက်
သာယာလှပရေး၊ လုံခြုံရေးတွေအတွက်
သူတို့မှာ တာဝန်ရှိသလို မရှိသလိုနဲ့
တာဝန်တွေကို ဝန်ထမ်းနေကြတယ်…
နယ်မြေအရမ်းဆိုးတဲ့ နေရာဒေသက
တပ်တွေမှာဆိုရင်
စစ်သည် မလုံလောက်လို့
ရဲမေတွေပါ လုံခြုံရေးကင်းတာဝန်ခွဲယူပြီး
ကင်းစောင့်နေရတယ်…
အိမ်ထောင်တစ်ခုရယ်လို့
ဖြစ်လာပြီဆိုရင် စားဝတ်နေရေးအတွက်
အိမ်ထောင်ရှင် ဇနီးသည်က
လုပ်နေရပြန်တယ်
သားသမီးအရေးကလဲရှိသေးတယ်…
အိမ်မှုကိစ္စအပြင်
စစ်မှုရေးရာကိစ္စမှာပါ
တာဝန်ထမ်းဆောင်နေရသလို
ရှေ့တန်းထွက် လင်ယောင်္ကျားအတွက်ပါ
စိတ်ပူနေရတဲ့ သူတို့တွေ ရင်ထဲဘယ်လိုနေကြမလဲ
ခံစားကြည့်စေချင်တယ်…
ရှေ့တန်းထွက် စစ်သည်တွေအတွက်
စစ်ဆင်ရေးနေ့တွက်စားရိတ်ရှိသလို
လက်တလော စစ်နယ်မြေဖြစ်နေတဲ့
နယ်မြေမှာ စစ်မှုရေးရာမှာ ပါဝင်ထမ်းဆောင်နေတဲ့
ရဲမေများအတွက်ပါစဥ်းစားပေးပြီး
ထောက်ပံ့မယ်ဆိုရင်
ပမာဏနည်းတာများတာကိုမစဥ်းစားပဲ
ငါတို့ကိုအသိမှတ်ပြုပါလားဆိုပြီးပါရမီဖြည့်ဖက်တွေရဲ့
တွေရင်ထဲမှာအတိုင်းမသိ ဝမ်းသာနေမယ့်
စိတ်တွေပဲ ရှိနေမယ်ဆိုတာ
ယုံကြည်မိပါတယ် စောင့်ရှောက်ပေးမယ်လို့လဲ
ရင်ထဲမှာ အတိုင်းမသိမျှော်လင့်မိပါတယ်…
