၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(23 မှ 27)ရက်နေ့ထိ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် WOMEN & JUNIOR PETANQUE WORLD CHAMPIONSHIP 2023 ပြိုင်ပွဲကို မြန်မာပီတန်း အသင်းဝင်ရောက်ယှဉ်ပြိုင်ရာ နိုင်ငံပေါင်း(၄၁)နိုင်ငံအနက် မြန်မာအသင်းမှ အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ခင်ချယ်ရီသက်သည် Vietnam နှင့်ယှဉ်ပြိုင်ကစားရာ ရမှတ်(၄၂)ဖြင့် ပထမဆုတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်းတွင် ကမ္ဘာ့အဆင့်(၁)ရရှိခဲ့ကြောင်းသိရှိသည်။
ခင်ချယ်ရီသက်သည် 2019 ခုနှစ် ကမ္ဘာ့ချန်ပီယံပီတန်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၃) တတိယရရှိခဲ့ပြီး 31 & 32 SEA Games ပြိုင်ပွဲများတွင် အသင်းအတွက် (၂)နှစ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်တဲ့ မြန်မာပီတန်းအားကစားမယ်တစ်ဦးဖြစ်ပါတယ်။



