

ပဲခူးမြို့ ရှိ ရွှေမော်ဓောစေတီတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၆ ရက်ညတွင် ရွှေမော်ဓောစေတီရင်ပြင်တော်တွင် ယက္ကန်းစင် ၅စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်မည်ဖြစ်တယ်လို့ သိရပါတယ်။