


မုံးကိုးမြို့ နယ်က ပလောင်ကိုရင်ငယ် ၃ ပါးကို ကိုးကန့် MNDDA အဖွဲ့ က ဖမ်းဆီးထားပြီး
အတင်းလူ၀တ်လဲခိုင်းခဲ့တဲ့အပြင်MNDDA ထဲ စစ်သားအနေနဲ့ အတင်းအဓမ္မ၀င်ရောက်စစ်မှုထမ်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဦးခေမာစာရ အသက် ၂၃ နှစ်
ဦးအာစိဏ္ဏ (၁၆နှစ်)၊
အရှင်ဇာန(၁၅နှစ်)နဲ့
အရှင်ဇနိန္ဒ(၁၂နှစ်)တို့ ပဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်က ဟေမိုးလုံသာသနာပြုကျောင်းမှာ ရှိနေတဲ့ ကိုရင် ၂၆ ပါးကို စစ်ဖြစ်တော့မယ်၊ လုံခြုံတဲ့
နေရာ ပိုပေးမယ်လို့ ကိုးကန့်တပ်ဖွဲ့ က ခေါ်သွားရာကနေ ၂၂ ပါးကိုသာ ပြန်လွှတ်ပေးပြီး ၄ ပါးကိုတော့ လူဝတ်လဲစေပြီး စစ်မှုထမ်းခိုင်းတာဖြစ်ပါတယ်လို့ လဲ သိရပါတယ်။