၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများအပ်နှင်းခြင်း၊ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ရရှိသူများအားလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်၊ တတိယအဆင့်)၊ စက်မှုနှင့်နည်းပညာ သုတေသနဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်)၊ လူမှုဆိုင်ရာထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ကရင်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်အပ်နှင်းခြင်း၊ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းတွင် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရရှိသူ (၃၅)ဦး၊ ဒုတိယအဆင့်ရရှိသူ (၁)ဦး၊ တတိယအဆင့်ရရှိသူ(၆)ဦး၊ စက်မှုနှင့်နည်းပညာသုတေသနဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်)ရရှိသူ(၁)ဦး၊ လူမှုဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရရှိသူ(၃)ဦး၊ ဒုတိယအဆင့်ရရှိသူ (၂)ဦး၊ တတိယအဆင့်ရရှိသူ(၂၄)ဦး၊ တခြားပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုရရှိသူ (၁၄၆)ဦး၊ ထူးချွန်ဆုရရှိသူ (၂၁၈)ဦးအတွက် စုစုပေါင်းငွေကျပ် ၅၄၄ သိန်းကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ညပိုင်းတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ တတိယနေ့အဖြစ် ယှဉ်ပြိုင်နေမှုတို့က သွားရောက်ကြည့်ရှုပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


