မြန်မာအမျိုးသားလေကြောင်း (MNA)မှ Cargo Flight ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးကြေညာထားသည်။
MNA မှ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရှိရပါတယ်။

