မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ မူးယစ်ဂိုဏ်များအနေဖြင့် ရေကြောင်းအားသာမှုကို အသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် တပ်မတော်(ရေ)မှ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ကော့သောင်းမြို့၏ အနောက်တောင်ဘက်မှ မလေးရှားနိုင်ငံသို့ ဦးတည်မောင်းနှင်လာသော စက်လှေတစ်စီးအား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်ဖိုး ၁၀၄ ဘီလီယံခန့်အား တရားခံ (၇) ဦးနှင့် အတူသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။





