



မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံ ပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့် ဆုံးရှုံးမူ့များဖြစ်ခဲ့ပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။