၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲ ဝန်းကျင်ခန့်က KNU+ PDF အကြမ်းဖက်အဖွဲ့ဟာ ညောင်လေးပင်မြို့နယ် သူဋ္ဌေးကုန်းနဲ့ ပိန်းဇလုတ် ဘူတာအကြားရှိ ရထားသံလမ်းကို မိုင်းခွဲဖျက်ဆီးခဲ့ကြပါတယ်။ မိုင်းခွဲဖျက်ဆီးမှုကြောင့် ရထားသံလမ်း အရှည် ၂ ပေခန့် ပျက်စီးခဲ့ရပါတယ်။ KNU+PDF အဖွဲ့ဟာ အများပြည်သူသွားလာနေတဲ့ လမ်း၊ တံတား၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးခြင်းတွေ ပြုလုပ်ကြတဲ့အတွက် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာကြရပါတယ်။ ဒီလို စစ်ရေးသက်ဆိုင်ခြင်းမရှိတဲ့ အများပြည်သူအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာဟာ ၎င်းတို့အဖွဲ့အစည်းအတွက် သမိုင်းဆိုးကျန်မယ့်လုပ်ရပ်တွေဆိုတာကို မသိတော့လေသလား?
အနာဂါတ်သမိုင်းစာမျက်နှာမှာ ပုံရိပ်ဆိုးတွေကျန်ရှိနေမည့် KNU/PDF
