
ကိုရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို ဝင်ရောက်ဖြေဆိုသူများထဲ စာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်အထိ ရှိလာကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA– EPS မှ စာရင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ ၄ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ ဦး စာမေးပွဲအောင်မြင်ခြင်းဖြစ်ကြောင်း သိရသည်။