



တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော လျှပ်စစ်စွမ်းအားဖြင့်သာ မောင်းနှင်သည့် ကွန်တိန်နာသေတ္တာတင် သင်္ဘောကြီးကို တရုတ်နိုင်ငံ ကျန်စုပြည်နယ်ရှိ ယန်စီမြစ်ထဲတွင် စမ်းသပ်မောင်းနှင်လျက်ရှိကြောင်းသိရသည်။
အဆိုပါသင်္ဘောကြီးသည် အလျား ၃၉၃ ပေ၊ ဗျက် ၇၇ ပေခွဲ ရှိကာ လစ်သီယမ်အိုင်ယွန်းဖော့စဖိတ် ဘက်ထရီများဖြင့် မောင်းနှင်ပြီး၊ ယင်းဘက်ထရီများမှ ထုတ်လုပ်သော လျှစ်စစ်စွမ်းအင် ပမာဏမှာ ၅၀၀၀၀ ကီလိုဝပ်နာရီရှိသည်။ ပုံမှန် ပေ၂၀ ကျွန်တိန်နာ သေတ္တာ ၇၀၀ ကိုတင်ဆောင်၍ အမြန်ဆုံးနှုန်း တစ်နာရီလျှင် ၁၉ ဒသမ ၄ ကီလိုမီတာနှုန်းဖြင့် ပင်လယ်ထဲတွင် မောင်းနှင်နိုင်သည်။