




မွန်ပြည်နယ်၊သထုံမြို့၊လိပ်အင်းရပ်ကွက်တွင် အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီကျော်ခန့်က သထုံမြို့၊လိပ်အင်းရပ်ကွက်၊ကုန်းပေါ်တန်းကျောင်းလမ်းရှိ နေအိမ်တစ်လုံး၏ ခြံဝင်းအတွင်း ပေ ၅၀ ခန့်နက်သည့် ရေတွင်းထဲ့ စိတ်ကျန်းမာရေးချိုတဲ့နေသည့် အသက်(၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဆင်းသွားခဲ့ကြောင်း သိရသည်။
ကယ်ဆယ်မှုများပြုလုပ်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှသွားရောက်ရာ ရေထဲဆင်းသွားသည့်အမျိုးသားမှာ ေ သ-ဆုံးလျက်တွေ့ရှိရသဖြင့် ရေတွင်းထဲမှသယ်ထုတ်ရန် ပြုလုပ်ခဲ့ကြကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။