လာမည့် စက်တင်ဘာ ၂၈ ရက်နေ့ ကနေ အောက်တိုဘာ ၁၂ ရက်နေ့အထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မိုးကြီးမယ်လို့ မိုးလေဝသပညာရှင်စုစုစံက ပြောပါတယ်။
ယင်းက “ လာမည့် စက်တင်ဘာ ၂၈ ရက်နေ့မှာ အောက်တိုဘာ ၁၂ ရက်နေ့အထိ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသကြီးတွေမှာ မိုးများစွာရွာနိုင်ပါသေးတယ်” လို့ ဆိုပါတယ်။
ယင်းအပြင် မြန်မာပြည်ထဲကနေ မုတ်သုန်လေဆုတ်ခွာဖို့လည်း နှောင့်နှေးကျန့်ကြာနေဦးမယ်လို့ ပြောပါတယ်။