မြဝတီ-ကော့ကရိတ် အာရှလမ်း ယာယီဘေလီတံတား တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မြေပြိုကျခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ပြီး အများပြည်သူအများအပြားသွားလာမှုများ ရပ်တန့်ခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရမှ အလျှင်အမြန်ဆောင်ရွက်ပေးရန်အတွက် ယာယီဘေလီတံတားထိုးပေးခဲ့တာဖြစ်ပြီး ဒီလိုထိုးပေးနေချိန်အတွင်းမှာ အကြမ်းဖက်သမားများအနေဖြင့် ကူညီပေးမှုမရှိတဲ့အပြင် တံတားလုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးအဖွဲ့ကို ၁၄-၈-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် KNU နှင့်
အကြမ်းဖက်အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

