
မွန်ပြည်နယ်၊မော်လမြိုင်၊မိုင်ရတနာ ၄ ထပ်စျေးရှိ “ရွှေပန်းခိုင်”ပလက်တီနမ်နှင့်စိန်ရွှေရတနာဆိုင်မှ ရွှေဆိုင်မှ ၂ ကျပ်သားရွှေဆွဲကြိုးအား သြဂုတ် ၁၇ ရက်နံနက်ပိုင်းက ခိုးယူသွားခဲ့သည့် နိုင်ငံခြားသား ၂ ဦးကို တောင်ငူမြို့တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
“ဖမ်းမိထားတယ်ဆိုတာဟုတ်ပါတယ် အချိန်အတိအကျကိုတော့မသိပါဘူး ဆိုင်မှာရှိတဲ့ CCTV ကနေတဆင့် စုံစမ်းစစ်ဆေးတာတွေလုပ်ပြီးတော့ ဖမ်းဆီးရမိထားတာပါ တောင်ငူမှာဖမ်းမိထားပါတယ် အခု သိရသလောက်က ရွှေဆွဲကြိုးခိုးယူသွားတဲ့ ၂ ယောက်က နိုင်ငံခြားသားတွေဟန်ဆောင်ထားတာလို့လည်းသိရပါတယ်။