


ရန်ကုန်မြို့ ၊ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်တွင် သက်သာသောဈေးဖြင့် ဆန်များရောင်းချပေးလျှက်ရှိရာ နေ့စဉ်ပျမ်းမျှ ဆန်အိတ်ရေအနည်းဆုံး (၅၀၀) မှ အများဆုံး (၇၀၀) အထိ ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးနေလင်း၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ကာ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ပူးပေါင်းပြီး ရန်ကုန်မြိုရှိ ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တိုတွင် အရန်ဆန်များကို ရောင်းချပေးနေခြင်းဖြစ်သည်။