ရုပ်အခံမရှိလည်း
စိတ်အခံ လှအောင်နေပါ ။
ဘ၀အကျိုးပေး ဆင်းရဲလည်း
ကုသိုလ်မဆင်းရဲအောင်နေပါ ။
၀ဋ်ကြွေးတွေများရင်လည်းဝဋ်ကြွေးတွေထပ်မဖြစ်အောင်နေပေါ့။
အပေါင်းအဖော်မရှိလည်း
စေတနာကောင်းကိုအဖော်ပြုပါ ။
မကောင်းတာတွေကြုံလည်း
ရင့်ကျက်မှုနဲ့ မနာကျင်အောင်နေပါ ။
စိတ်ညစ်စရာကြုံလည်း
ကိုယ့်ထက် ပိုခက်တဲ့သူတွေရဲ့
ဘ၀တွေကို ကြည့်ဖြေပါ ။
အပူနောင်တတွေရှိနေလည်း
အတိတ်မပြန် အနာဂတ်မကြံပဲ
စိတ်ချမ်းသာအောင်နေပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏