ဇူလိုင်လ ၂၄ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေများသို့ အနားယူအပန်းဖြေခရီးရောက်ရှိလာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဥ်ထိခိုက်ဒဏ်ရာရရှိရာမှ ပြန်လည်ကောင်းမွန်လာသည့် အရာရှိ၊စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တို့မှ ဒေသထွက်စားသောက်ဖွယ်ရာများဖြင့်တည်ခင်းဧည့်ခံပြီး လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ပါတယ်။ ယခုကဲ့သို့ တပ်မတော်သားများအတွက် ဆောင်ရွက်ပေးကြပါသော အကြီးအကဲများကိုလည်း တပ်မတော်သားတွေက ကျေးဇူးတင်မဆုံးဖြစ်နေကြပါတယ်။ ကမ်းခြေကို ပထမဆုံးရောက်ဖူးတဲ့ တပ်မတော်သားတွေလည်း အရမ်းကိုပျော်နေကြတဲ့ အပြုံးတွေ၊ ကြည်နူးပီတိတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ ပါးစပ်ကထုတ်မပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတွေကို မျက်နှာမှာ အတိုင်းသား မြင်နေရပါတယ်။





