ဖာပွန်မြို့နယ် KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၄၆ ဦး သေကာ ၄၆ ဦး ဒဏ်ရဦရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် စစ်တပ်၏ စစ်သုံး မြည်း ၃၅ ကောင် သေဆုံး၍ ၁ ကောင် ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇွန်လအတွင်း ဖာပွန်မြို့နယ်၊ KNLA တပ်မဟာ ၅ နယ်မြေတွင် တပ်မတော်စစ်ကြောင်းများနှင့် KNLA/PDF များတိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိကြောင်းဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ စိတ်ကူးပုံဖော်ပြီး တိုက်ပွဲပေါင်း ၁၇၀ ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၆ ဦးသေဆုံး၊ ၄၆ ဦးဒဏ်ရာရတယ်လို့ သတင်းအမြတ်ထုတ်ကာ ဂုဏ်ဖော်ရေးသားထားခြင်းသာဖြစ်ပါတယ်။
Disinformation
FACT-CHECK