မုံရွာမြို့၊ကန်သာယာသင်္ကြန်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်စုစုပေါင်း(၂၀)ဦးဖိတ်ထားပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ” မုံရွာသင်္ကြန်ပွဲတော်ကို ပြည်သူတွေလာရောက်ပျော်ရွှင်ကြဖို့ဖိတ်ခေါ်ပါတယ်။”ဟုစစ်ကိုင်းတိုင်းဒေသကြီးမဟာသင်္ကြန်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောသည်။ ယခုနှစ် မုံရွာမြို့၊ကန်သာယာသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အရှေ့ဖက်ကန်သာယာနှင့် အနောက်ဖက်ကန်သာယာအကြားဗိုလ်ချုပ်လမ်းတစ်လျှောက်တွင်ရောင်စုံထီးများချိတ်ဆွဲအလှဆင်ကာ အလိုလျောက်ရေပက်ဖျန်းစနစ်တပ်ဆင်ထားမည်ဖြစ်ကြောင်းသိရသည်။ […]