ကိုယ်ဝန်ဆောင်တစ်ဦးဟာ သင့်တင့်ညီမျှတဲ့အစားအသောက်တွေကိုစားပေးဖို့အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်များ အဓိကစားသုံးပေးသင့်တာတွေကတော့
- အခြေခံအစားအစာဖြစ်တဲ့ ထမင်း
- အာလူး၊ ဂျုံ၊ ပေါင်မုန့်
- လတ်ဆတ်သော အသီးအနှံများ
- အမျှင်ဓာတ် (Fibre)နှင့် ဖောလစ်အက်စစ်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ
- သံဓာတ်နှင့် ပရိုတင်းဓာတ်ပါဝင်သော အစားအစာအုပ်စုဖြစ်တဲ့ အသား၊ ငါး အမျိုးမျိုး
- ကယ်လစီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းများပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တို့အဓိကရှောင်ရန်အစားအစာတွေကတော့
- ကဖင်းဓာတ်များသော ကော်ဖီ၊ လက်ဘက်ရည် နှင့် အားဖြည့်အချိုရည်အမျိုးမျိုး
- အစိမ်းစားရသော အသားများ (ပုစွန်အစိမ်းသုပ်၊ ဆာရှိမိ စသည်)
- အဆီအနှစ်လွန်ကဲသောအစားအစာများ
- အငန်ဓာတ်ကဲသောအစားအစာများ
- အချိုဓာတ်ပါဝင်မှုများလွန်းသောအစားအစာများပဲဖြစ်ပါတယ်။
နေထိုင်ပုံစံနစ်မှာလည်း ဂရုပြုတို့လိုအပ်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးလိပ်မသောက်ရုံတင်မကဘဲ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့များရှူရှိုက်မိခြင်းမရှိအောင် ဂရုပြုသင့်ပါတယ်။
- အရက်သေစာသောက်စားမှုကို ရှောင်ကျဉ်ရပါမယ်။
- မလှုပ်မရှားဘဲ တစ်နေကုန် ထိုင်နေခြင်း၊ တစ်ဖက်တည်းသာစောင်း၍အကြာကြီးလှဲနေခြင်းတိုကိုမပြုလုပ်သင့်ပါ။
- လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်လနုစဉ်မှာ အန္တရာယ်ကင်းပါတယ်။ သားပျက်သားလျောဖြစ်ဖူးသူတွေအတွက်ကတော့ ဂရုပြုစရာတစ်ခုဖြစ်ပေမယ့် ပုံမှန်ကျန်းမာတဲ့မိခင်လောင်းအတွက်တော့ အန္တရာယ်မရှိပါ။
- ကိုယ်လက်လှုပ်ရှားမှု၊ အိမ်မှုကိစ္စလုပ်ကိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ခန္ဓာကိုယ်သွေးလည်ပတ်မှုနဲ့ ကျန်းမာရေးကောင်းမွန်စေဖို့အနွက် ကိုယ်လက်လှုပ်ရှားမှု လိုအပ်ပါတယ်။ အလေးအပင် မ,ခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်။