PDF ၃ ဦး လက်နက်ဖြင့်အလင်းဝင်

EAOs နယ်မြေများ၌ အကြမ်းဖက်ဖောက်ခွဲမှုသင်တန်းတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် ၃ ဦးတို့သည် တူမီးသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်ခဲ့ပါသည်။အဆိုပါ အလင်းဝင် PDF များအား ယနေ့ဇွန်လ ၁၁ ရက်နေ့၊ မနက်ပိုင်းတွင် တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘများထံ စနစ်တကျပြန်လည်အပ်နှံလိုက်ကြောင်း သိရှိရပါသည်။

ယနေ့အချိန်ထိ အလင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် စုစုပေါင်း (၅၃၈)ဦး ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။