






(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာတွေ့ရတဲ့ မြန်မာ့ပုံရိပ်တွေဖြစ်ပါတယ်။
အဆိုပါ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ဒေသစံတော်ချိန်( ၄ )နာရီက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Morodok Techo National Stadium မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး မြန်မာအားကစားအဖွဲအနေနဲ့ အားကစားနည်း (၈)နည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။