နိုင်ငံတော်အစိုးရ၏ဖိတ်ခေါ်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ PDF များဟာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်သူများပြားလာတာကို ယခုနောက်ပိုင်းအများအပြားတွေမြင်လာနေရတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း အလင်းဝင်ရောက်လာသူများကို လက်နက်ပါလာပါက ဆုငွေများပေးအပ်ပြီး အေးချမ်းစွာနေထိုင်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလင်းဝင်ရောက်လာသူများနေဖြင့်လည်း PDF များအနေဖြင့် တော်လှန်ရေးဗန်းပြကာ ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲလုပ်ဆောင်နေခြင်များအား ရွံရှာ လာတာကြာင့် ဝင်ရောက်လာကြခြင်းပဲ ဖြစ်ပါတယ်။ ပြည်နယ်နှင့် တိုင်းများတွင်လည်း တပ်မတော်စစ်ကြောင်းများရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများသည်လည်း ပြေးစရာမြေမရှိအောင် ဖြစ်နေကြပြီဖြစ်ကြောင်းသိရှိရပါသည်။ ဒါကြောင့်မို့ အေးချမ်းစွာနေထိုင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။


