ယခုနောက်ပိုင်းတွင် တပ်မတော်နှင့် ကယားPDF တွေရဲ့ တိုက်ပွဲဖြစ်စဉ်များတွင် PDF များအနေနဲ့ အသေအဆုံးများလာတာကို လူမှုကွန်ယက်များတွင် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ PDF တွေရဲ့ အကြမ်းဖက် ဓားပြတိုက်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းများကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း ရွှံရှာမုန်းတီးလာကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အကြမ်းဖက်တွေကို အရင်က ထောက်ပံ့ပေးနေတဲ့ သူတွေလည်း မထောက်ပံ့/ မကူညီပေးတော့ပါဘူး။
တိုက်ပွဲတစ်ခု ဖြစ်တယ်ဆိုနဲ့ သေနတ်ပြောင်းဝက ထွက်သွားတဲ့ ကျည်က အထွက်ပဲရှိတယ်။ ဒီလို ကျည်ဆံထွက်နိုင်ဖို့ ကျည်ဆံဝယ်ဖို့က ပိုက်ဆံရှိမှဖြစ်မှာပါ။ တပ်မတော်မှက ကာကွယ်ရေးပစ္စည်းထုတ်တဲ့ စက်ရုံတွေက အများကြီးတည်ဆောက်ထားတာ။ ဒီလိုအဖွဲ့အစည်းမျိုးကို ရေရှည်ဘယ်အဖွဲ့အစည်းက တိုက်နိုင်မှာလဲ… PDF အကြမ်းဖက်တွေကိုရော ဘယ်သူတွေကများ ဒီလိုအကြာကြီး ထောက်ပံ့ပေးနိုင်မှာလဲ? ဒီလိုနဲ့ တောထဲတောင်ထဲ လူမသိဘဲသေသွားတဲ့ အကြမ်းဖက် PDF တွေရောအများကြီးရှိနေပြီ။
ငယ်ရွယ်တဲ့ အချိန်မှာ တောထဲတောင်ထဲလက်နက်ကိုင် နေတာထက် အမေ့အိမ်မှာ အမေချက်ကျွေးတဲ့ထမင်းစားပြီး မိသားစုဘဝကို ပြန်နေရမယ့်အချိန်ပါ။ နိုင်ငံတော်မှလည်း အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ထားသလို လက်နက်ပါရင် ချီးမြှင့်ငွေတွေပေးအပ်ပြီး ဘဝသစ်တည်ဆောက်တဲ့ အချိန်မှာအဆင်ပြေအောင်လို့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒီတော့ တောထဲမှာ လူမသိသူမသိ အသေခံမှာလား? မိသားစု ဘဝနဲ့ အေးချမ်းတဲ့ ဘဝနဲ့ပဲနေထိုင်သွားမလားဆိုတာကို စဉ်းစားရမယ့်အချိန်ပါ။



