ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ် ကွက်၌ ယနေ့ (မေ ၁၄ ရက်)နံနက် ၄ နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခြံဝင်းတစ်ခုအတွင်း ဆောက်လုပ်ထားသည့် သွပ်မိုး၊သွပ်ကာ နေအိမ်တစ်လုံးပေါ်သို့ မြေများပြိုကျခဲ့မှုကြောင့် ၎င်းနေအိမ်အတွင်း အိပ်ပျော်နေသည့် လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ၎င်းနေရာသို့ တပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိပါတယ်။

