

ကလေးဝမြို့နယ်အတွင်း ၁ နာရီလျှင် ၅၅ မိုင် နှုန်းဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာနှင့် သစ်ကျဉ်းကျေးရွာအနီးရှိ ကလေးဝ-မော်လိုက်သို့ သွယ်တန်းထားရှိသည့် ၆၆ ကေဗွီအေ ဓာတ်အားလိုင်း တာဝါတိုင်များပြိုကျပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တာဝါတိုင်များ ပြိုကျပျက်စီးမှုကြောင့် ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်လျက်ရှိပြီး တာဝန်ရှိသူများနှင့် အင်ဂျင်နီယာများမှ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။